
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ယခင်က ဈေးကွက်တွင် အပါချီဘိလပ်မြေ၊ Alpha ဘိလပ်မြေ နှင့် ကြံ နှစ်ကောင်ဘိလပ်မြေတို့ အရောင်းသွက်လျက်ကြောင်း၊ ယခုအခါအဆိုပါ ဘိလပ်မြေတို့မှာလက်ကျန်နည်းလာခြင်း ၊ ဝယ်ရင်းဈေးမြှင့်တက်လာခြင်း၊ အချို့ဆိုင်များတွင် မှာယူမရခြင်းတို့ကြောင့် ပစ္စည်းများပြတ်လပ်မှုရှိပြီး ဈေးနှုန်းများမြင့်တက်ခြင်းများရှိကြောင်းသိရသည်။ ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့မှ ထုတ်လုပ်သည့် ရှမ်းရိုးမတံဆိပ် ဘိလပ်မြေနှင့် နဂါးစိမ်းဘိလပ်မြေ များဈေးကွက်၌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ရှမ်းရိုးမဘိလပ်မြေ တစ်အိတ်(50 kg)လျှင် ၂၇၀၀၀/-၊နဂါးစိမ်းဘိလပ်မြေ တစ်အိတ်လျှင် ၃၁၀၀၀/-ကျပ်ရှိကြောင်း၊ လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပါသည်။
DOCA(မန္တလေး)