Main menu

မကွေးမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းအ‌ရောင်းဆိုင်များအား ဌာနစုံဖြင့် ‌ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းနှင့် ဦးဟာခေါဂေ(ဒု-ဦးစီးမှူး)တို့သည် (၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီထိ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ ရောင်းချနေသောဆေးဝါးများ ကျန်းမာရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေ‌‌ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မှုခင်းရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

          ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများ/ သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါ/မပါနှင့် Bella Plus Plaster ရသေ့ဆေး (သို့) ထိုင်းတိုင်းရင်းဆေး ‌ရောင်းချမှုရှိ/မရှိကို အဓိကထားစစ်ဆေးခဲ့ပါသည်။ Bella Plus Plaster မှာ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံ တင်အမှတ်နှင့် Import Registeration No(IR)များ ဖော်ပြထားခြင်းမရှိဘဲ စျေးကွက်အတွင်း ရောင်းချလျှက်ရှိနေခြင်း၊ ရသေ့ဆေး(သို့) ထိုင်းတိုင်းရင်း ဆေးမှာ ထိုင်းနိုင်ငံမှသုံးစွဲရန်မသင့်သည့် ဆေးဝါးအဖြစ်ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်ထားခြင်းမရှိဘဲ Online ပေါ်တွင် ရောင်းချနေသည့်အတွက် သုံးစွဲသူမိဘပြည်သူများ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းစေရန် ယခုလိုစစ်ဆေးရခြင်းဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ဆေးဝါးအ‌ရောင်းဆိုင်ရှင်များအနေဖြင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများနှင့် Up Date ဖြစ်သောဆေးများ၊ ကုန်အညွှန်း အမှတ်အသားနှင့်ပြည့်စုံသော ကုန်ပစ္စည်းများသာ ဆိုင်တင်ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)