Main menu

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စားသုံးသူကာကွယ်ရေး ဥပ‌ဒေအကြောင်း အသိပညာပေးဟောပြောပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၈.၇.၂၀၂၂) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို အစီအစဉ်(၅)ရပ်ဖြင့် ဆွေးနွေး ဟောပြောခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ အခွင့်အရေးနှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များသာမက ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံများကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

          အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပြီး အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား (၅၃)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)