
၂၀၂၅ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ နံနက် (၀၇:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့် အရောင်းဆိုင် (၃) ဆိုင်သို့ ပြည်ကြီးတံခွန်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် ပြည်ကြီးတံခွန်မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသည့် အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)