Main menu

သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံ)အရောင်းဆိုင်များ၏ ပိုင်ရှင်/ တာဝန်ခံများအား ခေါ်ယူတွေ့ဆုံခြင်း

Powered by Drupal

    (၂၉.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း (ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံ)အရောင်းဆိုင် ပိုင်ရှင်/ တာဝန်ခံများအားကို စားသုံးသူရေး ရာဦးစီးဌာန၊ မြို့နယ်စည်ပင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက  ခေါ်ယူ တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     ခေါ်ယူတွေ့ဆုံဆွေးနွေး အသိပညာပေးပြောကြားရာတွင် ဘိလပ်မြေနှင့် အိမ်ဆောက် ပစ္စည်းများကို ဝယ်ရင်းဈေးထက် အမြတ် (၁၀)ရာခိုင်နှုန်းထိသာ ရောင်းချသွားရန်၊ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား ရည်ရွယ်ချက်ဖြင့် ပစ္စည်းများသိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ပစ္စည်းများရှိသော်လည်း ရောင်းချမှု မရှိခြင်းတို့ကို မပြုလုပ်ရန်နှင့် အမြတ် (၁၀)ရာခိုင်နှုန်းထက် ပိုမိုရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်၊၊

DOCA(ရန်ကုန်)