Main menu

စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းအား ၂၀၂၅ခုနှစ် ဧပြီလ( ၂၄ ၊ ၂၅၊ ၂၈ )ရက်နေ့ထိ (၃)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ရာ သင်တန်းအား ယနေ့ (၂၄-၄-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ သင်တန်းစတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/သူ(၁၁)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ၌ ခေတ္တပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နောက် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ စီမံရေးရာဌာနခွဲတာဝန်ခံ ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)မှ ရုံးလုပ်ငန်းလက်စွဲပါအခန်းများကို အကျယ်တဝင့်ရှင်းလင်း သင်ကြားပို့ချခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများအား ရှင်းလင်းသင်ကြားပို့ချခဲ့ပြီးနောက် သင်တန်းအချိန်ဇယားအတိုင်း ဆက်လက်သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)