
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ၂၅.၄.၂၀၂၅ရက်နေ့နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများသက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရေးအတွက် နေ့စဉ် လူစည်ကားသည့်နေရာများသို့ လှည့်လည်၍ ဆန်၊ဆီ၊အသား၊ငါး၊ကြက်ဥ၊ ဘဲဥနှင့်ခေါက်ဆွဲခြောက်များ ရောင်းချလျက်ရှိသည့်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။
DOCA(မန္တလေး)