Main menu

ကော့နှက်‌ကျေးရွာတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၁.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ​ရေးရာဦးစီး ဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့်ဝန်ထမ်းများသည် မွန်ပြည်နယ်၊​မော်လမြိုင်ခရိုင်၊​ မော်လမြိုင်မြို့နယ်၊ ကော့နှက်ကျေးရွာအတွင်း ရောင်းချနေသော စားအုန်းဆီလက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချ​နေမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှို/မရှိ တို့ကို ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)