
၁၉.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဝန်ထမ်း များသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ် အတွင်းရှိ တစ်သုံးလုံးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန် အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တစ်သုံးလုံးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဘိလပ်မြေပြတ်လပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက် ပစ္စည်းဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ကျော်လွန်၍ ဈေးနှုန်းမြင့်တက် နေမှုမရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)