စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးသက်လွင် (ရုံးအုပ်)၊ ဦးမောင်မောင်အေး (ဒု-ကြီးကြပ်ရေးမှူး) တို့သည် ၄-၇-၂၀၂၂ ရက်နေ့၊ နံနက် (၈:၀၀)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကော့ကရိတ်မြို့ အဆင့်မြင့်(၂)ထပ် ဈေးသစ်အတွင်း လက်လီ/လက်ကား ရောင်းချ နေသော ကုန်စုံဆိုင်များ၊ မုန့်မျိုးစုံဆိုင်များ၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အခြေအနေများကိုလည်ကောင်း စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ပါ ညွှန်ကြားချက်နှင့်အညီ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများလုပ်ခြုံစိတ်ချရမူရှိစေရန်အတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များ ပါဝင်ခြင်း ရှိ/မရှိစသည့် ထုတ်ကုန်လုံခြုံစိတ်ချရမူဆိုင်ရာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)