Main menu

ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုူလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ် ၊ ‌မေလ ၂၃ ရက်နေ့၊ (၉း၃၀)နာရီအချိန်တွင် ထားဝယ်မြို့ တနင်္သာရီတိုင်း‌ဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ  ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ် သည့်အချက်အလက်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကာ တက်ရောက် လာကြသူများမှ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ဟောပြောပွဲအား (၁၁း၀၀) နာရီ အချိန် တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)