Main menu

သထုံမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

     ၂၃.၄.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

      ပထမဦးစွာ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးမှ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်တိုးတိုးကျော် မှ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက် များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၁) အရကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်ဖော်ပြရမည့်အချက်များ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအချက်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)