Main menu

မုဒုံမြို့နယ်ရှိ ရွှေစံပယ်မုန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၃.၄.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ ရွှေစံပယ်မုန့်လုပ်ငန်းသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်၊ မြနန္ဒာ လမ်းရှိ ရွှေစံပယ်မုန့်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော မုန့်များတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ရွှေစံပယ်မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)