
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၂၀.၅.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၀၀)အချိန်တွင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင်ပြည်သူများအနေဖြင့်မိမိတို့ရပိုင်ခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက် ကို သိရှိနားလည်ရန်လိုအပ်ပြီး စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူ ပြည်သူများအား လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များရရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်စေဖို့အတွက် စားသုံးသူများ၏အခွင့် အလမ်းများကို ဥပဒေဘောင်အတွင်းမှ အပြည့်အဝရရှိစေရန် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် အရေးဆိုတိုင်တန်းနိုင်ရန် လည်းလိုအပ်ပါကြောင်း၊ စားသုံးသူများမှ မိမိတို့ဝယ်ယူအသုံးပြုသည့် ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့ရပါက Consumer Call Center (1535) လိုင်းခွဲ(၁)(၂)(၃) များသို့ ဆက်သွယ်ခေါ်ဆို တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)