Main menu

မြန်အောင်မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ အဖွဲ့နှင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၀.၅.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့နှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ အမှတ်(၄)ရပ် ကွက်၊ ကညင်ငူနှင့် လက်ပံရပ်၊အမှတ်(၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအားဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အနေဖြင့် ခွဲတမ်းရရှိသောစားအုန်းဆီများ အားဖြန့်ဖြူး ရာတွင် ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ ဆီဝယ်ယူ ခွင့်စာအုပ်ရှိသော ပြည်သူများအား ဖြန့်ဖြူးရောင်းချနေမှုတို့ကိုစစ်ဆေးခဲ့ပြီး၊   ဆီထုတ်ကိုယ်စားလှယ်မှ ဖြန့်ဖြူးပေးသည့် ခွဲတမ်းရစားအုန်းဆီများသတ်မှတ်ရည်ညွှန်းဈေးအပေါ်(၂%)အမြတ်ဖြင့်သာ ရောင်းချ လျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း၊ ဗွီနိုင်းချိတ်ဆွဲရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးများ ဖော်ပြကာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)