
(၂၈.၄.၂၀၂၅ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့မှ ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာ Smart ကျွန်းသို့ သယ်ဆောင်မည့် ဘိလပ်မြေ (၅၀၀)အိတ်နှင့် PEအလိပ်(၂)လိပ်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းဘိလပ်မြေအိတ်များနှင့် PE အလိပ်များကို စစ်ဆေးခဲ့ပြီး ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)