
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် မြိတ်ခရိုင် ဆန်ကုန်သည်များအသင်းမှ မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တို့မှ သယ်ယူလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မ MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်တန် ၄၅၀ နှင့် MV ရတနာခိုင်ထွန်း(၇)ရေယာဉ်ဖြင့် ဆန်တန် ၁၅၀အပြင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ဓနရွေလမင်းရေယာဉ်ဖြင့် ဆန်တန် ၄၅၀နှင့် MV ရတနာဒေဝီ ရေယာဉ်ဖြင့် ဆန်တန်၃၀၀တို့ သည် မြိတ်မြိုသို့ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆန်သယ်ယူလာသော ရေယာဉ်များအား စားသုံးသူရေးရာဦးစီးဌာနပါဝင်သော အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)