Main menu

မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိစားသောက်ဆိုင်များနှင့်အစားအသောက်ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိသည် သက်ဆိုင် ရာဌာနများနှင့်ပူးပေါင်း၍  စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရေးအတွက် (၂၀.၅.၂၀၂၅) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြန်အောင်မြို့ပေါ် ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင် မှုပေးသည့် လုပ်ငန်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ဟန်နီစားသောက်ဆိုင်၊ နွေအရိပ်စားသောက်ဆိုင်နှင့် For You စားသောက်ဆိုင်လုပ်ငန်းများအားစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာ များ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထားကြောင်းစစ်ဆေး တွေ့ရှိရပါသည်။ ဆက်လက် ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်း က စားသုံးသူများ ကျန်းမာရေးပြဿနာ  များမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ ကောင်းများ၊ အဖုံးပါ သောအမှိုက်ပုံးများ လုံလောက်စွာထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)