
၂၂.၄.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်နှင့် ဘိုလှကြီး ရပ်ကွက်တို့၌ ရှိသော “မိဘစွမ်းအား” သောက်ရေသန့်စက်ရုံနှင့် “Moon Teen” သောက်ရေသန့် စက်ရုံတို့အား ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့သည် သောက်ရေသန့်စက်ရုံမှဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်များမှာ စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေး ဈေးကွက်ကွင်းဆင်းခဲ့ရာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် ပါ/မပါနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရန် ဆောင်ရွက်ထားကြောင်း တွေ့ရှိရပြီး သောက်ရေသန့်များအား စားသုံးသူများထံသို့ ပို့ဆောင် သောဝန်ဆောင်မှုပေးရာတွင် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရေး ဂရုစိုက်ဆောင်ရွက် ကြစေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)