Main menu

သထုံမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၅.၄.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး နှင့်ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် သထုံမြို့နယ်၊ အမှတ် (၃၅၄) ၊ မြသပိတ်ဘုရား လမ်း၊ မြသပိတ်တောင်ခြေ၊ နန်းခဲရပ်ကွက်ရှိ ‌ဒေါ်ဝါနုလင်း ပိုင်ဆိုင်သည့် လုပ်ငန်းအမည် Sheila-lady’s lift, lady choice လုပ်ငန်းအမျိုးအစားဖက်ရှင် အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အခြားပစ္စည်းများရောင်းချလျက်ရှိသောဆိုင်သို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာ ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ်ငန်း အမှန် တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထား သော ကုန်စည် သို့မဟုတ် ဝန်‌ဆောင်မှု အမျိုးအစားအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)