
၂၀၂၅ ခုနှစ် ၊ ဧပြီလ ၂၅ ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ သူနာပြုသင်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့်Online မှရောင်းချရာ တွင် Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ် =အသားဖော်ပြခြင်းဆိုင်ရာများ အကြောင်း၊ Online ဖြင့်ရောင်းချသည့် ကုန်စည်/ဝန်ဆောင်မှုများနှင့် ပတ်သက်၍ Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်နှင့် Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ တက်ရောက်လာကြသူများမှ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ဟောပြောပွဲ အား (၁၁း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)