Main menu

တိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး(၁/၂၀၂၅)အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂) တွင် ကျင်းပပြု လုပ်သော တိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေး(၁/၂၀၂၅)အား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် တိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်‌ရေးလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ စီးပွား‌ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ စားသုံးသူ ကာကွယ်‌ရေးဥပဒေနှင့် ဘိလပ်မြေဝင်ရောက်မှုနှင့်စျေးနှုန်းစျေးကွက် အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက် ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည်များနှင့် လိုအပ်သည်များအား မေးမြန်ဆွေးနွေးခဲ့ ကြပြီး စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ၁၅း၂၀ နာရီ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)