Main menu

မော်လမြိုင်မြို့နယ်တွင် ဘိလပ်မြေနှင့်သံချောင်းများဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၈.၄.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့၊ မော်လမြိုင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ Pro 1 ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်း အရောင်းစင်တာ၊ ကျော်ကြားအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ရာမာန်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေနှင့်သံချောင်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျော်ကြားအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့တစ်ကောင် (အပြာ)(မြိုင်ကလေး) အမှတ်တံဆိပ် (၁)အိတ်လျှင် ကျပ် (၂၄၀၀၀)၊ အပါချီ (ရွှေညောင်) အမှတ်တံဆိပ် (၁)အိတ်လျှင် ကျပ် (၂၅၂၅၀)တို့ဖြစ်ကြပြီး၊ သံချောင်း(HRB-500) ၅မူး တစ်တန်လျှင် ကျပ် (၃၂၈၀၀၀၀)၊ သံချောင်း(HRB-500) ၆မူး တစ်တန်လျှင် ကျပ် (၃၅၀၀၀၀၀)၊ သံချောင်း (HRB-500) ၃မူး တစ်တန်လျှင် ကျပ် (၃၅၃၀၀၀၀)၊ သံချောင်း(HRB-500) ၃မတ် တစ်တန်လျှင် ကျပ် (၃၄၅၀၀၀၀)၊ သံချောင်း(HRB-500) ၂၀မီလီမီတာ တစ်တန်လျှင် ကျပ် (၃၄၃၀၀၀၀)၊ သံချောင်း(HRB-400) ၅မူး တစ်တန်လျှင် ကျပ် (၂၁၄၀၀၀၀)၊ သံချောင်း(HRB-400) ၆မူး တစ်တန်လျှင် ကျပ် (၂၄၄၀၀၀၀)၊ သံချောင်း(HRB-400) ၃မူး တစ်တန်လျှင် ကျပ် (၂၃၃၀၀၀၀)၊ သံချောင်း(HRB-400) ၃မတ် တစ်တန်လျှင် ကျပ် (၂၆၈၀၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး စျေးကွက်အတွင်းဘိလပ်မြေပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မွန်)