Main menu

ကျိုက်မရောမြို့မဈေးအတွင်း ကုန်စုံဆိုင်များတွင် ရောင်းချ‌နေသော‌ သောက်ရေသန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ၂၈.၄.၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျိုက်မရော မြို့မဈေးအတွင်း ကုန်စုံဆိုင်များတွင် ရောင်းချ‌နေသော‌ သောက်ရေသန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ကုန်စုံဆိုင်များတွင် ရောင်းချနေ‌သော‌ သောက်ရေသန့်အမျိုးမျိုးတို့တွင် သက်တမ်းလွန်မှု ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားကို ညွှန်ကြားချက်နှင့် အညီ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ တို့ကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)