Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူပြည်သူများအား စားသုံးဆီထုတ်ယူရန် ဆီစာအုပ်များပြုလုပ်ပေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၂၁.၅.၂၀၂၅)ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူ များအား စားသုံးဆီထုတ်ယူရန်အတွက် ဆီစာအုပ်များပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

     ထို့သို့ပြုလုပ်ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ဦးစွာ မိတ်ဆက်စကားပြောကြားပြီး ဆီစာအုပ်ဖြင့်စားသုံးဆီဝယ်ယူပါက စာအုပ်ပြုလုပ်ထားသော အမည်နှင့် လူမှလွဲ၍ အခြားမည်သူမျှဝယ်ယူခြင်းမရှိစေရန်၊ ဆီဝယ်ယူခွင့်ပြုထားသောကာလ အတွင်း သတ်မှတ် ပမာဏကိုသာဝယ်ယူရန်၊ ဝယ်ယူရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ အသုံးပြု ရန်၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းမရှိစေရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ် ထုတ်ပေးသည့် ဌာနသို့ သတင်းပေးပို့ရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်းမရှိစေရန် စသည်တို့ကိုပြောကြားပြီး လိုအပ်သည်များကိုလည်းအသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)