Main menu

ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ ရုံးအဖွဲ့တွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုတ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အခြေခံစားကုန်ပစ္စည်းများနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏စျေးနှုန်းများ မြှင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းဖြစ်ပေါ်စေရေးတို့ကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီ၏ ရုံးအဖွဲ့တွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါ သည်။

          အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်မှ ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဗဟို စာရင်းအင်းအ‌ဖွဲ့ တိုင်းဒေသကြီးတာဝန်ခံများမှ မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ကုန်‌စျေး နှုန်း အခြေအနေများနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား (၁၃း၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)