
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ထားဝယ်အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်းရေးမှူးမှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအား အတည်ပြုချက်ရယူခြင်းနှင့် ယခုအစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)