Main menu

Talk Show ဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနသည် အများပြည်သူသိရှိစေရန်နှင့်အကျိုးဖြစ်ထွန်းစေရန်အတွက် ဌာနနှင့်ပတ်သက်သည့်အကြောင်းအရာများအား နည်းလမ်းပေါင်းစုံဖြင့်အသိပညာပေးလျက်ရှိရာ ညောင်ဦးခရိုင်မှ ခရိုင်တာဝန်ခံသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း ၍(၂၉.၄.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Center      ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူများအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်း၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့နှင့်စပ်လျဉ်း ၍ လိမ်လည်လှည့်ဖြားခြင်းရှိ/မရှိ၊ အာမခံပေးထားမှုရှိ/မရှိ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့်ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြ ထားမှုရှိ/မရှိ၊ လိုအပ်သောသတင်းအချက်အလက်များကို သိရှိနိုင်ရေး စုံစမ်းမေးမြန်းနိုင်ရန်အတွက် လိပ်စာ၊ ဖုန်းနံပါတ်များ ရေးသားဖော်ပြထားမှုရှိ/မရှိ၊ အပြစ်အနာအဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထားခြင်းရှိ/မရှိ ၊ သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှု မရှိဘဲချဲ့ကားဖော်ပြထား ခြင်းရှိ/မရှိ စသည့်များအား သိရှိနားလည်ပြီး သတိရှိစွာစစ်ဆေးဝယ်ယူသုံးစွဲသင့်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

DOCA(မန္တလေး)