Main menu

ဆန်စျေးနှုန်းမှန်ကန်စေရေးနှင့် တည်ငြိမ်စေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၀၂၅  ခုနှစ်၊ မေလ(၂၃)၇က်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ် ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးရှိဆန်ဆိုင်များသို့ ဆန်‌ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စျေးနှုန်းစျေးကွက်နှင့် Consumer Packaging ဖြင့် ရောင်းချမည်ဆိုပါက သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဒေသတွင်းဖြစ် သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများမရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)