
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက်လိုအပ်သော စားအုန်းဆီများကို ရန်ကုန်မြို့ဆီကန်များမှ ခွဲတမ်းဖြင့်ဝယ်ယူရရှိသလို မြိတ်မြို့အတွင်း ရည်ညွှန်းစျေးများဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၅ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့သွားရောက်၍ ရည်ညွှန်းစျေးများဖြင့် ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးချက်ရာတွင် စျေးနှုန်းမှန်ကန်စွာဖြင့် အလေးချိန်မှန်ကန်စွာရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါ သည်။
DOCA(တနင်္သာရီ)