Main menu

မြိတ်လေတပ်စခန်းဌာနချုပ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး-ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြိတ်လေတပ်စခန်းဌာနချုပ် တို့ပူး ပေါင်း၍ မြိတ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်း ဖြစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌  စားသုံးသူကာကွယ်ရေးဆိုင် ရာအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

       အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအကြောင်းပြောကြားခြင်းနှင့် စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရမည့်တာဝန်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ စားသုံးသူနစ်နာမှုရှိခဲ့လျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများအားရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ သင်တန်းသူ၊ သင်တန်းသားများနှင့် တပ်ဖွဲ့ဝင်မိသားစုများ (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)