Main menu

Talk Show ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ မေလ (၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့မှ ဦးစီးမှူး ဦးအောင်လင်းဦးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲ၌ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၃)၊ ပုဒ်မ (၂၆)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် များအား သိရှိစေရန်အတွက် လေ့လာစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နေရာများနှင့် နည်းလမ်းများအကြောင်းအား ပြည်သူများသိရှိစေရန် ဆွေးနွေးခဲ့ကြ ပါသည်။

DOCA(ရှမ်း)