
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ “စက်ချုပ်နည်းပညာသင်တန်း (အခြေခံ)” သင်တန်းကို (၂၀.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ရာ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုများ ဝင်ငွေတိုးစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံသင်တန်းကို (၂၀.၅.၂၀၂၅ မှ ၁၆.၆.၂၀၂၅ ထိ) သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ(၁၅)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် အခြေခံသင်တန်းဆင်းလျှင်လည်း မွမ်းမံ သင်တန်းကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မွမ်းမံသင်တန်းမှ ထူးချွန်စွာအောင်မြင်သော သင်တန်းသူ(၅)ဦးကို ရွေးချယ်၍ (၁၈)သိန်းခန့် တန်ဖိုးရှိသည့် စက်ချုပ်ခြင်းဆိုင်ရာပစ္စည်းများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ သင်တန်းကျောင်းတွင် ရက်ကန်းပညာနှင့် လက်မှုပညာများကိုလည်း သင်ကြားပေးကြောင်းနှင့် သင်တန်းသူများကိုယ်တိုင် ဖန်တီးထားသည့် တဘတ် (ကြာ၊ ချည်၊ သဘာဝသစ်ရွက် ဆိုးဆေးဖြင့် အသုံးပြုထားသော)၊ အင်္ကျီစ၊ ပုဆိုး၊ လုံချည်၊ ခြေသုတ်ခုံ၊ ဖုန်းတင်ခုံ၊ ပစ္စည်းထည့်ဖာတောင်း၊ အသီးထည့်ခြင်း စသည့်ပစ္စည်းများကို ပြသခဲ့ရာ လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)