Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၆.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိက စားသုံးသူများ၏ အခြေခံအခွင့်အရေးများနှင့်လိုအပ်ချက်များကို အလေးထား ကာကွယ်ပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အသိပညာပေးဆောင်ရွက်ပေးနေမှု အခန်းကဏ္ဍများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်နေမှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ စျေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ(၂)မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း(၅)မျိုးဖြင့် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း(၂)မျိုးဖြင့် ဖြေရှင်းပေးကြောင်း ပြောကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပါက Call Center (1535) ကို ဆက်သွယ်တိုင်ကြားနိုင်သည့်အပြင် ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များကိုလည်း ဖြေကြားပေးကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တတ်ရောက်လာသူများက Call Center (1535)သို့ ခေါ်ဆိုမှုများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၅)(၆)(၇)ရပ်ကွက်မှ စားသုံးသူပြည်သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)