
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၁၇.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့များက Mobile Phone, Laptop, TV များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ချောက်မြို့အတွင်းရှိ Mobile Phone, Laptop, TV အရောင်းဆိုင်(၁၆)ဆိုင်သို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)