
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မေလ (၁၆)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် သာစည်မြို့နယ်ရှိ ဆေးဆိုင်မျာအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ ဆေးဆိုင်များအား စစ်ဆေးရာတွင် ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချစနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိအခြေနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)