Main menu

ရေနံချောင်းမြို့အတွင်းရှိ Mobile Phone, Laptop, TV အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၌ (၁၇.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍   ရေနံချောင်းမြို့ရှိ Mobile Phone, Laptop, TV အရောင်းဆိုင်(၂)ဆိုင်သို့သွားရောက်ပြီး ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Mobile Phone, Laptop, TV များတွင် ကုန်အညွှန်း အမှတ်အသား ပြည်စုံစွာထည့်သွင်း ဖော်ပြရန်နှင့် ထိုသို့ဖော်ပြခြင်းဖြင့် သုံးစွဲသူပြည်သူများမှာ လွယ်ကူစာသိရှိနားလည်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာရောင်းချရန်နှင့် လက်ကိုင်ဖုန်းများတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး ဖော်ပြချက်နှင့် ဆက်စပ်ပစ္စည်းများတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းဖော်ပြချက်များ ထည့်သွင်းရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန်ဝေပေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)