
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ (၁၉.၅.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို Online Shopping စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များကိုလည်းကောင်း၊ ချောက်မြို့အတွင်း တိုင်ကြားမှုနှင့်ပတ်သက်၍ ငွေရေးကြေးရေး ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ Wifi အင်တာနက်ပြတ်တောက်သည့် ဝန်ဆောင်မှုများနှင့် Online Shopping နှင့်ပတ်သက်၍ တိုင်ကြားလာမှုအခြေအနေများကိုလည်းကောင်း၊ Online Shopping နှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူ ပြည်သူ များအနေဖြင့် Online မှ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ Online ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးက ဆေးလိပ်အရက်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မကွေး)