
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးသည် (၂၁.၅.၂၀၂၅) ရက်နေ့တွင် နံနက် (၀၉:၃၀)မှ(၁၂:၃၀)နာရီအထိ မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များနှင့်အထွေထွေရောဂါကုဆေးခန်း(၂)ခုနှင့် ဆေးရုံ(၁)ခုတို့အား အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆေးဆိုင်လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှုမှတ်ပုံတင်စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများ ရောင်းချ ခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်း ရှိ/မရှိ တို့အား စစ်ဆေးကြပ်မတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့်အညီ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)