
( ၂၁.၅.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့ပေါ်ရှိ အောင်မြေမာန်ရပ်ကွက်၊ ဇေယျာလမ်းတွင် ဖွင့်လှစ်ရောင်းချနေသည့် ရွှန်းရွှန်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဝန်ထမ်း ( ၄ ) ဦးသည် ဆေးဝါးများ ပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဆေးဆိုင်ပိုင်ရှင် ဒေါ်သူဇာကေခိုင်အနေဖြင့် ဆေးဝါးများ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ဈေးနှုန်းများကိုလည်း ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းသာ ရောင်းချလျက်ရှိ ပါကြောင်းနှင့် ဆေးဝါးများအား စနစ်တကျဖြင့် ရောင်းချပေးလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှလည်း ဆေးဝါးများရောင်းချရာတွင်လည်း တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မပြုရန်နှင့် ဆေးများရောင်းချရာတွင်လည်း မြန်မာစာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ဆေးဝါးများကိုသာ ထားသိုရောင်းချရန်နှင့် ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)