
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၅.၅.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော အဖွဲ့စုံဖြင့် အီး- စီးကရက် (Electronic Cigarette), (Vape) ရောင်းချသော ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများအပါအဝင် မိတ်ဖက်ဌာနများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျောက်တံခါးမြို့ပေါ်ရှိ အီး-စီးကရက် (Electronic Cigarette), (Vape) ရောင်းချသော ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး မလိုက်နာခဲ့ပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ပဲခူး)