
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၀.၅.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော် သက်မိုးသည် ညောင်လေးပင်ခရိုင်အတွင်းရှိ Mobile Phone၊ ကြိုးဖုန်း၊ Lattop၊ TV အရောင်းဆိုင် များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့မဈေးတာဝန်ခံ၊ ဒိုက်ဦးမြို့မဈေး တာဝန်ခံတို့နှင့်အတူ ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိသော Mobile Phone၊ ကြိုးဖုန်း၊ Lattop၊ TV အရောင်းဆိုင်များအား စစ်ဆေးခဲ့ပါသည်။ မြို့နယ်တာဝန်ခံက ဆက်သွယ်ရေးနှင့် လျှပ်စစ်ပစ္စည်း များဖြစ်ကြသော Mobile Phone၊ ကြိုးဖုန်း၊ Lattop၊ TV များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိ၊ ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်း ရှိ /မရှိနှင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းမရှိလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ပဲခူး)