
၂၁.၅.၂၀၂၅ ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ဦးသည် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာရှိ ကျောက်တန်းဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ဌာန၏လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက်အကြောင်းအားလည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရူံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအားဆွေးနွေးပြောကြားခဲ့ပြီး ဌာန၏လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်းသိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာနေပြည်သူများ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)