
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုပြုဌာန (Community Center) အခန်းမ၌ Talk Show အစီအစဉ် တွင် စားသုံးသူဆိုင်ရာသိကောင်းစရာ အသိပညာပေးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်မေဇင်ဦး(ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာန လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ နှင့် စားသုံးသူဆိုင်ရာသိကောင်းစရာ အကြောင်းဆွေးနွေးပေးပါရန် ပြောကြားခဲ့ပြီး ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန မျှော်မှန်းချက် ရည်မှန်းချက်များ၊ စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူကာကွယ် ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည်တို့ကိုအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)