Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူ ပြည်သူများအား အွန်လိုင်း ဖြင့်စျေးဝယ်ယူရာတွင်သတိထားသင့်သည့်အချက်များအကြောင်းဆွေးနွေးပြောကြားခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် မေလ ၂၃  ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြိုန့ယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူပြည်သူများအား  အွန်လိုင်းဖြင့် စျေးဝယ်ယူရာတွင် သတိထားသင့်သည့် အချက်များအကြောင်း‌ ဆွေးနွေးပြောကြားခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် အွန်လိုင်းဖြင့် စျေးဝယ်ယူရာတွင် မိမိဝယ်ယူမည့်Pageနှင့် Wesbiteတို့သည် စားသုံးသူများအကြား နာမည်သတင်းကောင်းမွန်ခြင်း ရှိ/ မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်နှင့်ငွေပေးချေရာတွင် သတ်မှတ်ထားသောစနစ်ရှိ/မရှိ၊ သတ်မှတ်ထားသည့်ဌာန၊ အဖွဲ့အစည်းများ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့ကို သေချာစွာသိရှိထားရမည်ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက်အလက်များပေးအပ်ရန် လိုအပ်လာပါက ကျိူးကြောင်းခိုင်လုံမှုရှိ/မရှိ သတိထားရမည့်အကြောင်းအရာများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)