
၂၁.၅.၂၀၂၅ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်တာဝန်ခံ ဦးဇော်ဦးနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့သည် ဆီလုပ်ငန်းရှင် စားအုန်းဆီကိုယ်စားလှယ် Kaung Hlyai New AsiaCo.Ltd မှ ဦးဝင်းလွင်ထွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက မြို့နယ်အတွင်းစားအုန်းဆီ ရောင်းချရာတွင် ရောင်းချရန် သတ်မှတ်ထားသောနေရာများ၌ အချိန်နှင့်တပြေးညီရောင်းချပေးရန်၊ သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်၊ အချိန်အတွယ်ပြည့်မီစွာရောင်းချပေးရန်နှင့် ဌာန၏ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး ယခုအပတ် သတ်မှတ်ရည်ညွှန်းစျေးမှာ စားအုန်းဆီတပိသာလျှင် (၇၃၅၈) ကျပ်ဖြစ်ကြောင်း သိရပါသည်။
DOCA (မွန်)