
၂၁.၅.၂၀၂၅ ရက်နေ့ နံနက်(၉း၃၀)နာရီတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်လွင်၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ဦးနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာရှိ Dragon သောက်ရေသန့်စက်ရုံနှင့်၊ ကျိုက်ထိုမြို့ရှောင်လမ်းရှိ မြမြင့်မိုရ် သောက်ရေသန့် စက်ရုံတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်က သောက်ရေသန့်စက်ရုံများအနေဖြင့် သောက်ရေသန့်ထုတ်လုပ်ရာတွင် စက်ရုံဝန်ထမ်းများ တကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအား ဝတ်စုံပြည့်ဝတ်ဆင်စေရန်၊ ရေသန့်ပို့ဆောင်ဖြန့်ဖြူးရာတွင် မြို့နယ်အနှံ့ ဖြန့်ဖြူးပို့ဆောင်ပေးရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များအား စက်ရုံ၏ မြင်သာသောနေရာများတွင် ချိတ်ဆွဲထားရန် လမ်းညွှန်မှာကြားစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA (မွန်)