Main menu

ကျိုက်ထိုမြို့နယ်တွင် ယူရီးယားဓာတ်မြေဩဇာရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၆.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် အခြားမိတ်ဖက်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ယူရီးယားဓာတ်မြေဩဇာရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ ရည်ညွှန်းဈေးအပေါ် ထိုက်သင့်သောအကျိုးအမြတ်ရယူ၍ ရောင်းချပေးခြင်း ရှိ/မရှိ ကိုဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ကျိုက်ထိုမြို့နယ်အတွင်း ဓာတ်မြေဩဇာရောင်းချနေသည့်ဆိုင်များတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရန်ကုန်အထိုင်ဈေးနှုန်း ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၉၅၀၀၀၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၄၀၀၀၊ Di Ammonrium Phosphate ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ဈေးနှုန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

     မြို့နယ်အတွင်းရောင်းချလျက်ရှိသော ယူရီးယားဓာတ်မြေဩဇာအရောင်းဆိုင်များတွင် သတ်မှတ်ထားသော အထိုင်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်၊ လုပ်သားခ၊ သိုလှောင်ထိန်းသိမ်းခနှင့် ထိုက်သင့်သော အကျိုးအမြတ်ရယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)