Main menu

ကျိုက်လတ်မြို့နယ်ရှိ အုန်းဆံကြိုးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှမြို့နယ် တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ဇူလိုင်လ (၁၁)ရက်‌နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အုန်းဆံကြိုး လုပ်ငန်းသို့ကွင်းဆင်း၍ အုန်းဆံကြိုးထုတ်လုပ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား လုပ်ငန်းရှင်ဦးနိုင်လင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းတွင် ထုတ်လုပ်နေမှုအခြေအနေများအား မေးမြန်းရာ အုန်းဆံကြိုးပြုလုပ်ရာတွင် အုန်းခွံလှေတစ်စီးကိုယခင်က (၁၅၀၀၀/)ကျပ် ပေးဝယ်ရပြီး၊ ယခုအချိန်တွင် အုန်းခွံလှေတစ်စီးကို (၂၅၀၀၀)ကျပ်  ပေးဝယ်ရကြောင်း၊ အလုပ်သမားအနေဖြင့် ယခင်ကအလုပ်သမားတစ်ဦးကို တစ့်လျှင် အလုပ်သမားခ(၃၀၀၀)ကျပ်ပေးရပြီး၊ ယခုအခါတွင်(၅၀၀၀)ကျပ်ပေးရပါသည်။ အုန်းဆံကြိုး လုပ်ငန်းမှ ထွက်ရှိသော အုန်းဆံကြိုးခွေများ၊ ခြေသုတ်ခုံများပြုလုပ်ပြီးသည့်အထိ ယခင်နှစ်နှင့်မတူ ယခုနှစ်တွင်ကုန်ကြမ်းဝယ်ယူရာ၌ ဈေးပိုပေးရသောကြောင့် အမြတ်ငွေနည်းနည်းသာကျန်ရှိပါကြောင်း၊ အုန်းဆံ ကြိုးခွေများကို ယခင်က မြို့ကြီးများတွင် တိုက်တာအဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုများခဲ့ပြီး။ ယခုအခါ အဆောက်အဦဆောက်လုပ်ရာတွင် အုန်းဆံကြိုးများကိုအသုံးပြုမှုနည်း ပါးလာသဖြင့်၊ အုန်းဆံကြိုးဈေးကွက်အနေဖြင့် မရှိသလောက်ဖြစ်ပြီး လုပ်ကိုင်သူများအနေဖြင့်လည်း နည်းပါးလာပါကြောင်း လုပ်ငန်းရှင်ဦးနိုင်လင်းထံမှ သိရသည်။

DOCA(ဧရာဝတီ)