Main menu

ပြည်သူများသို့ အခြေခံစားကုန်များဈေးနှုန်းချိုသာစွာရောင်းချပေး

Powered by Drupal

    မန္တလေးမြို့တွင် မတ်လ ၂၈ရက်နေ့တွင် လှုပ်ခပ်ခဲ့သည့် မန္တလေးငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး ဆန်၊ ဆီ၊ ကြက်သွန်၊ ငပိ၊ ငါးခြောက်၊ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများနှင့် ဟင်းသီးဟင်းရွက်များအား မန္တလေးမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများသို့ နေ့စဉ်ဈေးကား(၂)စီးဖြင့် သွားရောက်ရောင်းချပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီဌာနရှိ ဝန်ထမ်းများမှ ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

    ယခုအပတ်အတွင်း အခြေခံစားကုန်များအား အများပြည်သူသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချရန်အတွက် သတ်မှတ်ဈေးကားများမှ ၂၆.၅.၂၀၂၅ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ သီရိ ဟေမာအရှေ့ရပ်ကွက်၊ သင်္ဂဇာပတ်လမ်း၊၂၉x၃၀လမ်းကြားနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၇လမ်း၊ ၅၉x၆၀လမ်း ကြား၊ (ဃ)ရပ်ကွက်သို့လည်းကောင်း၊၂၇.၅.၂၀၂၅ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၉၁လမ်း၊ ၃၇x၃၈ လမ်းကြားနှင့် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အမှိုက်စုတောင်၊ မယ်ဇယ်တန်းတွင်လည်းကောင်း၊ ၂၈.၅.၂၀၂၅ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ ၁၀x၁၁လမ်းကြားနှင့် ချမ်းမြသာစည်မြို့နယ်၊ အကွက်(ဃ-၄)၊ ၆၄လမ်း၊၁၁၁လမ်းထောင့်၊ မြို့သစ်(၄) ရပ်ကွက်တွင်လည်းကောင်း၊ ၂၉.၅.၂၀၂၅ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ၆၄လမ်း၊ ၂၃x၂၄လမ်းကြား၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၄လမ်း၊ ၁၃၃လမ်းထောင့်၊ (ဇ)ရပ်ကွက်တွင်လည်းကောင်း၊ ၃၀.၅.၂၀၂၅ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်၊ ၂၇လမ်း၊ ၇၁x၇၂လမ်းကြားနှင့် အမရပူရမြို့နယ်၊ဆင်စွယ်ပွတ်ရပ်ကွက်၊ ပန်းပဲတန်း ဆေးရုံမြောက်ဘက်၊ မဟာဂန္ဓာရုံအနောက်ဘက်တွင်လည်းကောင်း၊ ၃၁.၅.၂၀၂၅ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊တက္ကသိုလ် လေ့ကျင့်ရေးတပ်ရှေ့နှင့် ချမ်းမြသာစည်မြို့နယ်၊ အကွက်(ဖ-၈/၉)၊ ၅၉လမ်း၊ ၁၁၂x၁၁၃လမ်းကြား၊ ကန်သာယာရပ်ကွက်တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း  သက်ဆိုင်ရာဌာနမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)